ရည်ရွယ်ချက်

  • ရခိုင်ပြည်နယ်အတွင်းရှိ စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများအပြင် စားဝတ်နေရေး လိုအပ်ချက်တွေကို ကျွန်တော်တို့တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးလိုသော စိတ်ဆန္ဒဖြင့် We ❤ ️️ Rakhine ကို (၂၆.၈.၂၀၂၀) နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါတယ်။ We ❤ ️️ Rakhine အဖွဲ့ ဖွဲ့စည်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ -
  • (၁) ကျွန်ုပ်တို့ We ❤ ️️ Rakhine အဖွဲ့အစည်းသည် အဓိက အားဖြင့် ရခိုင်ပြည်နယ်၏ ကျန်းမာရေး ကူညီမှုများ၊ လူမှုရေး စောင့်ရှောက်မှုများ၊ ပညာရေးတိုးတက်မှုများ ဆောင်ရွက်ရန်။
  • (၂) ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ရာ၌ လူမျိုးရေးခွဲခြားခြင်းများ၊ ဘာသာရေးကွဲပြားခြင်းများ နှင့် နိုင်ငံရေးရှုပ်ထွေးခြင်းများမပါဝင်ပဲ ရခိုင်ပြည်နယ်ကို ချစ်မြတ်နိုးသူတိုင်း ပူးပေါင်းပါဝင်နိုင်ရန်။
  • (၃) စေတနာ့ဝန်ထမ်းများ အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ပြည်နယ်နှင့် တိုင်းမှသည် နိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံသားတိုင်း၏ လူနေမှု ဘဝ ဖွံ့ဖြိုး တိုးတက်နိုင်စေရန်။
  • (၄) ကမ္ဘာ့ကပ်ရောဂါ Covid -19 သည် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် နေထိုင်သူများနှင့် စစ်တွေမြို့နယ် (သို့ / မှ) ခရီးသွားလာသူများအား ကူးစက်ခဲ့ပြီး ကူးစက်ရောဂါ ထပ်မံပျံ့နှံ့မှုမရှိစေရန် နှင့် အချိန်မှီထိန်းချုပ် ကာကွယ်ရန်အတွက် ထိန်းချုပ်ကာကွယ်ကုသခြင်းလုပ်ငန်းများကို ပိုမိုစွာ ထိထိရောက်ရောက် လုပ်ဆောင်နိုင်စေရန်။
  • (၅) ကျန်းမာရေး အသိမြှင့်တင်ရေး နှင့် ကပ်ရောဂါများဆိုင်ရာ ဗဟုသုတများ၊ စစ်ဘေးရှောင်ဒုက္ခသည်များ အတွက်စားနပ်ရိက္ခာများ၊ အိုးအိမ်ယာမဲ့ လူဦးရေများ လျှော့ချနိုင်ရေး နှင့် ရခိုင်ပြည်နယ် စည်ပင်သာယာဝပြောရေး လုပ်ငန်းများကိုစနစ်တကျဆောင်ရွက်နိုင်စေရန် အတွက် ရည်ရွယ်ပါသည်။

လှုပ်ရှားမှုများ

ရခိုင်ပြည်သူပြည်သားများရဲ့ ကျန်းမာရေးအပြင် အခြေခံစားဝတ်နေရေးခက်အခဲကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးခြင်း



ဆက်သွယ်လှူဒါန်းနိုင်သောဘဏ်များ

ဆက်သွယ်လှူဒါန်းနိုင်သောလိပ်စာနှင့်ဖုန်းနံပါတ်များ

လိပ်စာ (ရန်ကုန်မြို့)

KTK Warehouse - အမှတ် ၃၀၉၊ ၉လမ်း၊ ရန်ကုန် ဇေကမ္ဘာဝန်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။
+95955105623

လိပ်စာ (စစ်တွေမြို့)

အမှတ် ၄၀၁၊ လမ်းမကြီး၊ လမ်းမတော်(မြောက်)ရပ်ကွက်၊ စစ်တွေမြို့။
+9595007514

အီးမေးလ် လိပ်စာ

office@weloverakhine.org
donation@weloverakhine.org
info@weloverakhine.org
chiarman@weloverakhine.org
vicechairman@weloverakhine.org